ပရိသတ်ကြီးရေ.. စူးရှတဲ့အမိုက်စားအသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေကြား အရမ်းကို ရေပန်းစားကာ အောင်မြင်မှုတွေများစွာ ရရှိထားသူကတော့ အဆိုတော်ယုဇနပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် ယနေ့အချိန်ထိလည်း ပရိသတ်တွေ ရင်ထဲနေရာယူထားဆဲဖြစ်တဲ့ ယုဇနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပြုလုပ်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲကြီးမှာ အားလုံးကို Surprise လေး လုပ်ခဲ့ပါတယ်နော်..။

Photo Credit - Yazana's Fb Page
Photo Credit - Yazana's Fb Page

တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ သွားရောက်ဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင်တစ်ယောက်လို ဟန်ဆောင်ပြီး သီချင်းလေးဆိုကာ ဒိုင်တွေနဲ့ ပရိသတ်တွေကို Surprise လုပ်ခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

သူများကို Surprise လုပ်ဖို့ နေနေသာသာ ကိုယ်တိုင်က အမြဲလွဲနေတတ်သူမို့ Surprise လုပ်ရမယ်ဆိုတော့ စိတ်တွေအရမ်းလှုပ်ရှားပြီး ပရိသတ်တွေနဲ့ ပြန်တွေ့ရမှာမို့လည်း ရင်တွေ အရမ်းခုန်နေခဲ့တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Yazana's Fb Page
Photo Credit - Yazana's Fb Page

သီချင်းဆိုရင်း Rap ရွတ်ရမယ့်အချိန်မှာ စင်ပေါ်ကဆင်းသွားပြီး ရန်ရန်ချမ်းနားရောက်သွားတဲ့အချိန်မှာလည်း အရမ်းအံ့သြသွားတဲ့ ရန်ရန်ချမ်းကိုကြည့်ပြီး ပရိသတ်တွေလည်း သဘောကျကြတဲ့အကြောင်းလေးလည်း ပြောပြထားပါတယ်နော်..။

ရိုးရိုးပဲ ဆိုဖူးတာဖြစ်ပြီး ပထမဆုံး သူများကို Surprise လုပ်ရတဲ့ပွဲမို့ အရမ်းစိုးရိမ်ခဲ့တဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ ယုဇနရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Yazana's Fb Page
Photo Credit - Yazana's Fb Page

Photo Credit - Yazana's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။