ပရိသတ်ကြီးရေ.. ဆယ်စုနှစ်တွေကတည်းက မိတ်ကပ်ပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေ များစွာရရှိထားပြီး သင်တန်းကျောင်းတွေပါ ဖွင့်လှစ်ထားတဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကိုတော့ အားလုံးပဲ သိကြမယ် ထင်ပါတယ်နော်..။

ရိုးရှင်းအေးချမ်းတဲ့ အလှတွေကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်ပြီးရင့်ကျက်တဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြသလို စိတ်ထားလေးလည်း ပွင့်လင်းသူဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးထားပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Khin San Win's Fb Account

မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ခင်စန်းဝင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မွေးနေ့ကျရောက်ခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်ကို ကိုကိုလို့ ခေါ်ပြီး စနောက်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်နော်..။

ကျော်ထက်ဇော်နဲ့ သူမတို့ကတော့ သူငယ်ချင်းတွေဖြစ်ကြပြီး ကိုကိုလို့ စနောက်ခေါ်ကာ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သူမကို ကျော်ထက်ဇော်ကလည်း မေမေစန်းလို့ ပြန်ခေါ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Khin San Win's Fb Account
Photo Credit - Khin San Win's Fb Account

“သူငယ်ချင်းတွေက အမြဲတမ်းစနောက်နေကြတာပါ တစ်ယောက်နဲ့တစ်ယောက်တွေ့တော့လည်း နောက်နေပြောင်နေကျ ကျော်ထက်ဇော်ဆိုင်ကယ်နောက်မှာ မကြီးခွထားတဲ့ ပုံကိုတောင် မန့်ထားကြတယ် ဘယ်ကရလဲ မသိဘူး..” ဆိုပြီး သူငယ်ချင်းတွေ အမြဲစနောက်တတ်ကြတဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

မကြီးစန်းနဲ့ ကျော်ထက်ဇော်တို့ကတော့ သူငယ်ချင်းတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် အမြဲစနောက်နေကြတဲ့အကြောင်းလေးတွေနဲ့ အနုပညာလောကမှာ အောင်မြင်နေတဲ့ ကျော်ထက်ဇော်အကြောင်းလေးတွေကို ပြောပြထားတဲ့ မကြီးစန်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khin San Win's Fb Account
Photo Credit - Amazing Grace

Photo Credit - Khin San Win's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။