ခေတ်နဲ့ အညီတိုးတက်လာတဲ့အလျောက် ဘယ်သွားသွား ဘယ်လာလာ လက်ထဲမှာ အမြဲပါလေ့ရှိတာကတော့ စမတ်ဖုန်းတွေပါပဲ။ စမတ်ဖုန်းတွေကို မဖြစ်မနေသုံးစွဲရတဲ့အခါ ကောင်းကျိုးတွေရှိနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေမယ့် နောက်ဆက်တွဲအကျိုးဆက်တွေလည်း ခံစားရမှာဖြစ်ပါတယ်။ 

ဒါ့ကြောင့်စမတ်ဖုန်းသုံးသူများအနေနဲ့ ရထားစီးနေတဲ့အချိန်၊ ကားစီးနေတဲ့အချိန် နဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရချိန်မှာ မိမိရဲ့ ဖုန်းတစ်လုံးနဲ့ ပဲအလုပ်ရှုပ်နေလေ့ရှိပါတယ်။ အဲဒီအခါ မိမိရဲ့ လည်ပင်း၊ လည်ဂုတ်ရဲ့ အနေအထားကို ပြန်လည်စဉ်းစား ကြည့်ကြည့်ပါ။ အချိန်ကြာမြင့်စွာငုံ့ပြီး အာရုံစိုက်လုပ်ကိုင်နေခြင်းဟာ သင်တို့ရဲ့ လည်ဂုတ်ကိုဒဏ်ဖြစ်စေပြီး ခန္ဓာကိုယ် အနေအထားကိုပါ ပျက်ယွင်းသွားစေနိုင်တယ်လို့ကျန်းမာရေးသတင်းတစ်ပုဒ်မှာ ဖော်ပြလာပါတယ်။

St. Luke’s- Roosevelt ဆေးရုံကြီးမှ အရိုးအကြောပါရဂူ Dr.Alton Barron နဲ့ တွေ့ဆုံပြီး ထုတ်လွှင့်ခဲ့တာ ဖြစ်တဲ့ အမေရိကန်တီဗီအစီအစဉ် CBS This Morning မှာ သင်တို့ရဲ့ နေ့စဉ်ဘဝမှာ အကြီးအကျယ်လွှမ်းမိုးနေတဲ့ နည်းပညာတစ် ခုဟာ သင်တို့ရဲ့ လည်ပင်း၊ လည်ဂုတ်နဲ့ ကျောရိုးကို ဒုက္ခပေးနိုင်တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။

“အကြောင်းအရာတစ်ခုခုကို အာရုံဝင်စားပြီး အချိန်ကြာမြင့်စွာ ခေါင်းငုံ့လုပ်ကိုင်ခြင်းဟာ လည်ပင်း၊ လည်ဂုတ်တစ်လျှောက် အပါအဝင် ကျောအပေါ်ပိုင်းနဲ့ ပခုံးနှစ်ဘက်မှာရှိတဲ့ ကြွက်သားများကိုဒဏ်ဖြစ်စေနိုင်ပါတယ် ” လို့ အဲဒီ ကျန်းမားရေးဆွေးနွေးခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ ဦးခေါင်းဟာ အလေးချိန်အားဖြင့် (၁၀)ပေါင် မှ (၁၂)ပေါင် (၄.၅ မှ ၆.၅ ကီလိုဂရမ်)ရှိတဲ့အတွက် အချိန်ကြာမြင့်စွာဦးခေါင်းငုံ့ကိုင်းထားခြင်းကို လည်ပင်းနဲ့ ပခုံး နှစ်ဖက်ဟာ သိပ်ခံနိုင်ရည်မရှိကြပါဘူး။ဦးခေါင်းကို တစ်လက်မသာသာလောက် ငုံ့ကိုင်းလိုက်မယ်ဆိုရင် လည်ဂုတ်ပိုင်းမှာရှိတဲ့ ကြွက်သားများဟာ ဦးခေါင်းရဲ့ နဂို အလေး ချိန်မှာ (၁၀)ပေါင်လောက်ထပ်ပေါင်းထည့်သလိုဖြစ်ပြီး ကြွက်သားများကို ဒဏ်ဖြစ်စေတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ဒီတော့ သင့်ဦးခေါင်းရှေ့ကို (၃)လက်မလောက် ငုံ့ကိုင်းလိုက်ခြင်းဖြင့် သင့်ဦးခေါင်းဟာ နဂိုအလေးချိန် ထက်ပေါင် (၃၀) ထပ်ပေါင်းထည့်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ဆဲလ်ဖုန်းယဉ်ကျေးမှုကြောင့် လည်ပင်း၊ လည်ဂုတ်နဲ့ ပခုံးတို့မှာ ဒဏ်ဖြစ်စေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖော်ပြထားခဲ့ပြီးဖြစ်ပေမဲ့ သတိပြုခြင်းမရှိခဲ့ကြဘူးလည်း ဆိုပါတယ်။ အကယ်၍များသင်ဟာ သင့်စမတ် ဖုန်းထဲမှာ အင်တာနက်ကြည့်ရတာ၊ မေးလ်စစ်ရတာ၊ မေးလ်ပြန်ရတာကိုပဲ လုပ်ချင်တဲ့သူဆိုရင်တော့ အချိန်ကြာမြင့်စွာ ငုံ့ကိုင်း ထားခြင်းမလုပ်ဘဲ မကြာခဏဆိုသလို ဦးခေါင်း၊ လည်ပင်းနဲ့ ကျောရိုးတို့ကို အနေအထားပြောင်းပေးဖို့ အကြံပြုထား ပါတယ်။ ဒါ့အပြင် ဖုန်းကိုငုံ့ကိုင်းကြည့်ခြင်းထက် မျက်လုံးနဲ့ တစ်တန်းတည်းလောက်ထားပြီး ခပ်မြင့်မြင့် ထားကြည့်ခြင်းမျိုး လည်း ပြုလုပ်နိုင်ပါတယ်။

သတင်းအရင်းမြစ် Myan people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။