သုသုလို့ ပရိသတ်တွေကချစ်စနိုးခေါ်ဝေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာဆိုရင် မိတ်ကပ်ပညာမှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ညီညီမောင်ရဲ့ ချစ်စရာအပြုအမူလေးတွေနဲ့စကားအပြောအဆိုလေးတွေကြောင့် ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။အများကတော့ သုသု လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သုသုက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

Photo Credit : Photoatk Atkphoto
Photo Credit : Photoatk Atkphoto

သုသုကတော့ အမြဲတမ်းပျော်ရွှင်စွာနေတတ်ပြီး သူငယ်ချင်းအပေါင်းအသင်းလည်းများသူတစ်ယောက်ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ အမြဲတမ်းပျော်ပျော်ပါးပါးနေထိုင်ပြီး စနောက်တတ်တဲ့သုသုက ချစ်မွှေးလေးပါလို့ လူချစ်လူခင်လည်းပေါများပါတယ်။သုသုရဲ့ အခွီဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။

Photo Credit : Photoatk Atkphoto
Photo Credit : Photoatk Atkphoto

သုသုကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုအမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်း ဖက်ရှင်အမိုက်စားလေးနဲ့ အပြတ်လန်းနေတဲ့ ပုံလေးတွေနဲ့ အတူ "ရည်းစား ရှိရင်ကျမ လာမ add ကြပါနဲ့နော် စိတ်ကူးယဉ်ရမယ့် အရွယ်မဟုတ်တော့ဘူး ဆွဲစိရမယ့် အရွယ်ဟဲ့"ဆိုတဲ့စာလေးကို စနောက်ကာဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် သုသုရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Photoatk Atkphoto
Photo Credit : Photoatk Atkphoto

Source : Nyi Nyi Maung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။