မမဆောင်းလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်းကတော့ လက်ရှိ လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်တွေက ပရိသတ်တွေကြား နာမည်ကျော်ကြားလျက်ရှိနေတာကို တွေ့ရပါတယ်။ Music video တွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မမဆောင်းက ဗီဒီယို ဇာတ်ကားတွေမှာလည်း ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo credit - Min Khant Kyaw photography
Photo credit - Min Khant Kyaw photography

ပွင့်လင်းပြီး စိတ်ရင်းကောင်းတဲ့ မမဆောင်းရဲ့ အပြောလေးတွေက ပရိသတ်တွေကို အချစ်ပိုစေတာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ယခင်ကထက် ပိုမိုလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ အမြဲလိုလို ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ မမဆောင်းက ကျက်သရေရှိပြီး ကြည့်ကောင်းနေတာလည်း ဖြစ်ပါတယ်။

Photo credit - Min Khant Kyaw photography
Photo credit - Min Khant Kyaw photography

ယနေ့မှာလည်း မမဆောင်းက သူမရဲ့ တောင်းတင်းလှပတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ ပိုစ့်ပေးဓါတ်ဖမ်းနေတာလည်းဖြစ်ပါတယ်။ စာဖွဲ့မမှီလောက်တဲ့ မမဆောင်းရဲ့ ပုံရိပ်လေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အချစ်ပိုမိစေမှာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မမဆောင်းရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်... ။ 

Photo credit - Min Khant Kyaw photography
Photo credit - Min Khant Kyaw photography
Photo credit - Min Khant Kyaw photography

Source - Saung Eindaray Tun'sFB account

Photo credit - Min Khant Kyaw photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။