ဟာသသရုပ်ဆောင် ဦးဧရာကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဖြစ်ပါတယ်နော်။ ဦးဧရာဟာဆိုရင် ပြောင်မြောက်တဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အကောင်းဆုံး တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တဲ့ ဦးဧရာကို အခုချိန်အထိ ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရတဲ့ ဦးဧရာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ထီဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ် ။ အနုပညာမောင်နှမတွေကလည်း ဦးဧရာဆီကနေ ထီလက်မှတ်တွေကို ဝယ်ယူအားပေးလေ့ရှိကြတာ ဖြစ်ပါတယ် ။ အခုလည်း ဦးဧရာက သူ့ဆီကို အိမ်တိုင်ရာရောက် အလှူငွေလာပေးတဲ့ ဦးအောင်ခိုင်ကြောင့် ပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ် ။ဒီအကြောင်းကို ဦးဧရာက "မိုးက တစ်ညလုံးရွာမလိုလိုနဲ့ ပြူတစ်စိန်လုပ်နေလိုက်တာ ဗြန်းကနဲချလိုက် အပီတိတ်သွားလိုက် တဖျောက်ဖျောက်နဲ့သံစဉ်လေးပေးလိုက်လုပ်နေလေရဲ့ အိပ်လို့ကလည်း မပျော်တစ်ချက် ပျော်တစ်ချက်နဲ့ အိပ်မက်ထဲမှာ ငိုရမလိုရယ်ရမလိုနဲ့ပေါ့ "

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

"ဟော မနက်လည်းမိုးလင်းရော ထီဆိုင်ကို ကိုအောင်ခိုင်ကြီးပေါက်ချလာတယ်လေ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးက ကိုလူချောအဖွဲ့နဲ့အမေများ၊ အမများအဖွဲ့တို့ကိုလှူတာတဲ့ အဲ့တာနာမကျန်းဖြစ်နေတဲ့သူတွေလည်းလှူပါဘုရားဆိုပြီး နင့်နာမည်ပါထည့်ပြောလိုက်တယ်တဲ့ ဆရာတော်ကလှူပေးပါဆိုလို့လာလှူတာတဲ့ဗျာ သာဓု သာဓု သာဓုပါ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးနဲ့ကိုအောင်ခိုင်တို့ စိတ်နဲ့ခန္ဓာ နှစ်ဖြာသုခပြည့်ဝချမ်းသာပြီး လိုတိုင်းတရနိုင်ကြပါစေဗျာ" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဦးဧရာရဲ့ပုံရိပ်လေးတွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit- လူရွှင်တော် ဧရာ's FB Acc

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။