အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံလေးကတော့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ သားလေးနာမည်ကို "သွင်ဦးဟန်"လို့ပေးထားကြပြီး ကိုကိုးလို့လည်း ချစ်စနိုးခေါ်ကြပါတယ်နော်။ပိုးအိအိခန့်ကလည်း သားလေးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ ခဏရပ်နားထားပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account/Amazing Grace
Photo Credit:Thwin Oo Han's Facebook page
Photo Credit:Thwin Oo Han's Facebook page

သားလေးကိုကိုးကတော့ အခုဆိုရင် (၁)နှစ်ကျော်သွားပြီဖြစ်လို့ တစ်နေ့ထက်တစ်နေ့လည်း ပိုပိုပြီးချစ်ဖို့ကောင်းလာပါတယ်နော်။ကိုကိုးလေးက ဖေဖေအောင်သူနဲ့လည်း ချွတ်စွပ်တူပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။ပိုးအိအိခန့်နဲ့အောင်သူတို့ဇနီးမောင်နှံကတော့ သားလေးကို ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် သေချာဂရုစိုက်စောင့်ရှောက်ပေးနေကြတာပါနော်။

Photo Credit:Thwin Oo Han's Facebook page
Photo Credit:Thwin Oo Han's Facebook page
Photo Credit:Thwin Oo Han's Facebook page

ပိုးအိအိခန့်ကလည်း သားလေးကို အခုအရွယ်ကတည်းက ထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိအောင်လည်း သင်ကြားပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေပိုးအိအိခန့်က သားလေးကို အိပ်ရာဝင်ခါနီးမှာ ပုံပြင်ဖတ်ပြနေတာဖြစ်ပါတယ်။ကိုကိုးလေးကလည်း မေမေဖတ်ပြနေတာလေးကို သေချာနားထောင်နေလို့ အရမ်းချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thwin Oo Han's Facebook page
Photo Credit:Thwin Oo Han's Facebook page
Photo Credit:Thwin Oo Han's Facebook page

Source&Photo Credit:Thwin Oo Han's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။