ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေရပြီလည်းဖြစ်ပါတယ်။

photo credit - May Myint Mo fb account
photo credit - May Myint Mo fb account

မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင်မကြာခဏဆိုရင် မေမြင့်မိုရ် က ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မေမြင့်မိုရ် က အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

photo credit - May Myint Mo fb account
photo credit - May Myint Mo fb account

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က အသည်းယားစရာကောင်းလောက်တဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ် က " တစ်ကိုယ်တော်ပုံလေးတွေက ဒီမှာမေ​လေးပို့စ်နဲ့အလိုက် Acting လေးတွေလုပ်ပြီး ပြန်ဆက်ကြည့် ပြီးရင် Comment မှာမန့်လိုက်နော်အရမ်းကြည့်ချင်နေပါပြီနော် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး မေမြင့်မိုရ် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်..။

photo credit - May Myint Mo fb account
photo credit - May Myint Mo fb account

photo credit - May Myint Mo fb account

Source - May Myint Mo fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။