ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်အနေနဲ့အပြင် ပရိသတ်ကိုအကြိုက်တွေ့စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကြီးတွေကိုလည်း ရိုက်ကူးနေတဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ သိကြမယ်ထင်ပါတယ်။သူဟာ အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး ကြိုးစားအားထုတ် မှုတွေကြောင့်လည်း အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ကိုပေါက် ဟာဆိုရင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်သလို စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တဲ့ သူပဲဖြစ်ပါတယ်။

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

ကိုပေါက် က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ကိုပေါက်က ဟာသ ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ကိုပေါက်က အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် အပျင်းပြေဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

ဒီ ဗီဒီယိုလေးထဲမှာတော့ ကိုပေါက် က Music Zone Restaurant & KTV နဲ့ ပတ်သက်ပြီး ဟာသအနေနဲ့ ဆော့ကစားထားတာဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးနဲ့လည်း ကိုပေါက် က " မေးခွန်းသတ်လို့ မဖြေနိုင်ဘူး " ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်နေ့တာရယ်မော ပျော်ရွှင်စေဖို့အတွက် ကိုပေါက် ရဲ့ ဟာသ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video Credit - Aung Min Naing fb account

Source - Aung Min Naing fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။