ပရိသတ်ကြီးရေ စွယ်စုံရ မင်းသားကြီး နေထူးနိုင်ကတော့ ဗီဒီယို ခေတ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ နေထူးနိုင်ရဲ့ ဇာတ်ကားတွေကို တစ်မူထူးခြားပြီး ကြည့်မိသူတိုင်း အကြိုက်တွေ့စေတာဖြစ်လို့ အနုပညာလောကမှာ အခိုင်အမာရပ်တည်ထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

Photo credit - Nay Htoo Naing's Facebook Account
Photo credit - Nay Htoo Naing's Facebook Account

အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလောက် မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ နေထူးနိုင်က သူ အားလပ်တဲ့အချိန်လေးတွေမှာ မိသားစုကို အချိန်ပေးကာ ကုန်ဆုံးလေ့ရှိသူပါ။

Photo credit - Nay Htoo Naing's Facebook Account
Photo credit - Nay Htoo Naing's Facebook Account

ယနေ့မှာတော့ နေထူးနိုင်က ကိုဗစ်ကာလ stay home မှာ သားသားလေးတွေနဲ့အတူ အိမ်မှာနေရင်း ဖြတ်သန်းနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ ဝကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းလွန်းနေတဲ့ သားသားလေးနှစ်ယောက်ကို ချစ်မဝဖြစ်နေတဲ့ ဖေဖေနေထူးနိုင်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။ 

Photo credit - Nay Htoo Naing's Facebook Account
Photo credit - Nay Htoo Naing's Facebook Account

Source & Photo credit - Nay Htoo Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။