အကယ်ဒမီမင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တစ်ခေတ်တစ်ခါမှာဆိုရင် ထက်ထက်မိုးဦးကို ကြော်ငြာဘုရင်မလို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထက်ထက်မိုးဦးက အရမ်းအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးက အရမ်းချစ်စရာကောင်းပြီး သွက်လက်ပွင့်လင်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ကိုင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးနေပါတယ်နော်။ထက်ထက်ရဲ့ ကြော်ငြာတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဟာဆိုရင်လည်း ယနေ့ချိန်ထိတိုင်မရိုးသွားနိုင်ဘဲ ကြည့်လို့ကောင်းနေဆဲဖြစ်လို့ ငယ်ဘဝကိုတောင် ပြန်လည်သတိရမိစရာပါပဲနော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်က အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်တာကြောင့် ငယ်ရုပ်လေးမပျောက်သွားပါဘူးနော်။သူမရဲ့အလှအပတွေကိုလည်း သေချာထိန်းသိမ်းနေတာဖြစ်လို့ အခုအရွယ်မှာတောင် ကျက်သရေရှိရှိနဲ့ တင့်တယ်လှပနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထက်ထက်မိုးဦးက မိတ်ကပ်မပါဘဲနဲ့တောင် မျက်နှာလေးက နုဖတ်နေပြီး ကြည်လင်လှပနေတာဖြစ်လို့ သူမရဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

Source&Photo Credit:Htet Htet Moe Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။