တစ်နေ့ထက်တစ်နေ့ အလှတွေပိုပိုတိုးကာ ချစ်စရာကောင်းလွန်းနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger လောကမှတစ်ဆင့် အနုပညာလောကကို ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အမူအရာလေးတွေကလည်း အသည်းယားစရာကောင်းလွန်းတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။  

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Beautybynaychi’s Facebook Page

ချီချီဟာ လတ်တလောမှာတော့ အဆိုတော် ထက်ယံရဲ့ Music Video တွေမှာ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အားလပ်ရက်များမှာလည်း လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်နေတာကြောင့် ချီချီရဲ့ ကိုယ်လုံးလေးက သွယ်လျလှပနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ချီချီရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ဒါကတော့ ​ချွေးတဒီးဒီးကျတဲ့အထိ လေ့ကျင့်ခန်းတွေလုပ်နေတာတောင် အလှမပျက်ဘဲတစ်မျိုးလေးဆွဲဆောင်မှုရှိနေတဲ့ ချီချီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ချီချီကို ချစ်တဲ့ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ ပရိသတ်ကြီးလည်း Stay Home ကာလလေးမှာ ကျန်းမာစွာ နေထိုင်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account and Beautybynaychi’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။