Photo credit - DreamHack Counter strike twitter

DreamHack counter strike ကတော့ DreamHack Open Fall 2020 မှာဝင်ရောက်ယှဥ်ပြိုင်မယ့် teams list အပြည့်အစုံကို ကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့ စုစုပေါင်း cs:go team 16 သင်းဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပြီး လာမယ့် 10 လပိုင်း 15 ရက်နေ့ကနေ 25 ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမယ့် 16 သင်းကတော့ invited ပြုလုပ်ထားတဲ့ 11 သင်းနဲ့ closed qualifier ကတက်လာမယ့် 5 သင်းတို့ပဲ ဖြစ်ပါတယ်။

Europe RMR Ranking အရ invite ရရှိထားတဲ့ 11 သင်းကတော့

Vitality

G2 Esports

GODSENT

ENCE

Ninja in Pyjamas

BIG

Astralis

Fnatic

OG

Heroic

FaZe Clan

တို့ပဲ ဖြစ်ပါတယ်။

Closed qualifier မှာတော့

North

FATE

c0ntact

Dignitas

Complexity

Heretics

mouseports

x6tence

Movistar Riders

တို့ရှိနေပြီး open qualifier ကတက်လာတဲ့ 7 သင်းနဲ့ အဆင့်ဆင့်ယှဥ်ပြိုင်ပီး ထိပ်ဆုံးနေရာရရှိတဲ့ 5 သင်းကသာ main event ကိုတက်ရောက်ယှဥ်ပြိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

စုစုပေါင်းပေးအပ်သွားမယ့် ဆုကြေးငွေကလည်း $115,000 USD ဖြစ်ပြီး Europe region က အကောင်းဆုံး cs:go teams တွေအားပြိုင်သွားမှာဆိုတော့ ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။

Source - DreamHack Counter Strike twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။