ပရိသတ်ကြီးရေ မင်းသားဝေဠုကျော် ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ လူကြီး လူငယ်မရွေး သဘောကျကြအားပေး ချစ်ခင်ခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အရင်ကထက်မလုပ်တော့ပေးမယ့် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

ဒါ့အပြင် ဝေဠုကျော်က အနုပညာအလုပ်တွေထက် နေ့စဉ်နေ့တိုင်း ပြည်သူတွေအကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်နေပြီး တစ်နေ့တာရဲ့ အချိန်တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတဲ့ ပရဟိတမင်းသားတစ်ဦးဆိုရင်လည်း မမှားပါဘူး။ မကြာခဏ ဆိုသလို သူ့ရဲ့ နေ့စဥ် ပရဟိတလုပ်ငန်းတွေမှာ လုပ်ကိုင်ပေးနေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ အမြဲဖော်ပြပေးပါတယ်။ယခု ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း နေ့မနား ညမနား ပရဟိတအလုပ်တွေကို အားတက်တရော လုပ်ကိုင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

ယခုမှာလည်း ပရိသတ်တွေအတွက် PPE ဝတ်စုံဝတ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဝေဠုကျော် ကတော့ ပရဟိတလုပ်ငန်းတွေမှာ စံပြပုဂ္ဂိုလ်တစ်ဦးအနေ ပြောရင်လည်းမမှားလောက်ပါဘူး။ ချစ်ပရိသတ်တွေလည်းပရဟိတလုပ်တဲ့နေရာမှာ တကယ်ကိုအံ့မခမ်းဖြစ်အောင် အားတက်တရောလုပ်​ကိုင်နေတဲ့ ဝေဠုကျော် ကို အားပေးစကားတွေ ပြောကြားပေးခဲ့ပါဦးနော်...။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

Photo Credit - Wai Lu Kyaw foundation

Source - Wai Lu Kyaw foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။