Photo credit - Liquipedia

North America region က နာမည်ကြီး cs:go team တစ်ခုဖြစ်တဲ့ MIBR ကတော့ သူတို့ရဲ့ roster ကို အပြောင်းအလဲကြီး ပြောင်းလဲဖို့ စတင်ပြုလုပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။

MIBR အနေနဲ့ အသင်းမှာ 2018 ခုနှစ်လောက်ထဲက ကစားလာတဲ့ fer,TACO နဲ့ coach ဖြစ်သူ dead တို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်။

Coach ဖြစ်သူ dead ကတော့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် တခါတည်းထွက်ခွာသွားပြီဖြစ်ပြီး far နဲ့ TACO တို့ကတော့ စာချုပ်သက်တမ်းရှိနေသေးတာကြောင့် inactive roster မှာရှိနေပါသေးတယ်။

MIBR အနေနဲ့လည်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ အသင်းရဲ့ roster ကိုပြောင်းလဲဖို့ လိုအပ်နေတာကြောင့် အခုလိုဆုံးဖြတ်ချက်ကို ချခဲ့တာပဲ ဖြစ်ပါတယ်။

MIBR အနေနဲ့လည်း သူတို့ရဲ့ roster အသစ်ကို နောက်ယှဥ်ပြိုင်မယ့် tournament မတိုင်ခင် ကြေညာသွားဖို့ ရှိနေပါတယ်။

လက်ရှိ ကျန်ရှိနေတဲ့ MIBR ရဲ့ roster ကတော့

Gabriel "⁠FalleN⁠" Toledo

Vito "⁠kNgV-⁠" Giuseppe

Alencar "⁠trk⁠" Rossato

တို့ပဲ ဖြစ်ပါတယ်။

Source -MIBR twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။