ကြမ်းတမ်းတဲ့ပြင်ပပတ်ဝန်းကျင်တွေမှာအသုံးပြုနိုင်ဖို့အထူးရည်ရွယ်ဖန်တီးထုတ်လုပ်ထားတဲ့စမတ်ဖုန်းပါ။တောင်ကိုရီးယားအခြေစိုက်ဆမ်ဆောင်က မိတ်ဆက်ထားရှိတဲ့ ဒီ စမတ်ဖုန်းသစ်ကို အခုဆိုရင် မြန်မာနိုင်ငံမှာဝယ်ယူနိုင်ပါပြီ။
ယခင်နှစ်က ထွက်ရှိခဲ့တဲ့ ဖုန်းအရွယ်အစားထက် ပိုမိုကြီးမားတဲ့မျက်နှာပြင်၊ ပိုမိုကျဉ်းမြောင်းသွားတဲ့ ဘေးဘောင် နဲ့အတူ ထပ်မံတိုးမြှင့်ထားတဲ့ ဖုန်းတွင်းမှတ်ဉာဏ်တို့နဲ့အတူ မိုဘိုင်းလ်စျေးကွက်ထဲ ရောက်ရှိလားတဲ့ စမတ်ဖုန်းပါ။ဒီဇိုင်းအပိုင်းကိုလည်း ယခင်ပုံစံအခြေခံကာ အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ထားရှိတဲ့ အနုစိပ်လက်ရာတွေနဲ့ဒီစမတ်ဖုန်းကို မွမ်းမံထားရှိပါတယ်။
လက်အိတ်ဝတ်ဆင်ထားပြီးထိတွေ့ကိုင်တွယ်ရင်တောင် ထိတွေ့နိုင်မယ့်၅ လက်မ အရွယ်အစားရှိ ကြည်လင်တဲ့ မျက်နှာပြင်နဲ့အတူ နည်းပညာတွေပေါင်းစပ်ဖွဲ့စည်းထားပါတယ်။မှတ်ဉာဏ်ပမဏကလည်းဝယ်ယူသူတွေအဆင်ပြေလောက်တဲ့ပမဏပါ။ကင်မရာပိုင်းကလည်း အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအတွက် နှစ်လိုဖွယ်ရာပါ။ထူးခြားချက်ကတော့ဆင်းမ်ကဒ် တစ်ကဒ်သုံးဒီစမတ်ဖုန်းက ရေဒဏ် နှင့် ဖုန်ဒဏ်တို့အား ခံနိုင်စွမ်းရှိတဲ့ နည်းပညာစံသတ်မှတ်ချက်နဲ့ အတူဖန်တီးထုတ်လုပ်ထားတာပါ။ပြင်းထန်တဲ့ရာသီဥတုအခြေအနေ၊ စမ်းသပ်မှုတွေ၊ အကြမ်းခံစစ်ဆေးမှုတွေ၊ တုန်ခါမှုနှုန်းထားတွွေ၊ ပင်လယ်ဆားငန်ရေ ၊ မြူနှင်းနဲ့အတူ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။
Samsung Galaxy XCover4 Specifications
Display Size 5 inches
Resolution 720 x 1280 pixels
Network GSM – 2G/ 3G/ 4G
SIM Micro SIM
OS Android OS, v7.0
CPU Quad-core 1.4 GHz Cortex-A53
Memory Internal 16GB, 2GB RAM, Micro SD 256GB
Main Camera 13 MP, f/1.9, autofocus, LED flash
Front Camera 5 MP, f/2.2
WLAN Wi-Fi 802.11 a/b/g/n, dual-band, WiFi Direct, hotspot
Bluetooth 4.2, A2DP, LE
IPS IP68 certified - dust/water proof over 1.5 meter and 30 minutes
Battery Li-Ion 2800 mAh Battery
Aung
သတင်းအရင်းမြစ် GSM
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။