အရည်အချင်းရှိတဲ့ အလှဖန်တီးရှင်တစ်ဦးအဖြစ် နာမည်ရနေတဲ့ မိတ်ကပ်မထက်ကတော့ အလှပြင်သင်တန်းတွေပါ ဖွင့်လှစ်သင်ကြားပေးနေရတာလည်း ဖြစ်ပါတယ် ။ ချောမောလှပတဲ့ရုပ်ရည်လေးနဲ့အတူ အချိုးအစားပြေပြစ်တဲ့ Body လေးကိုပါ ပိုင်ဆိုင်ထားတဲ့ မထက်က တဖြည်းဖြည်းနဲ့ ပိုမိုအောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မထက်က အခုဆိုရင် ကြော်ငြာတွေလည်းဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Ma Htet's FB Acc
Photo Credit-Ma Htet's FB Acc
Photo Credit-Ma Htet's FB Acc

အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်တဲ့ မထက်က သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေ အများအပြားကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မထက်က ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ တစ်နေ့တခြားပိုလှလာတာပဲ ဖြစ်ပါတယ် ။ အခုရက်ပိုင်းမှာတော့ မထက်တစ်ယောက် အိမ်မှာနေရင်း အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-Ma Htet's FB Acc
Photo Credit-Ma Htet's FB Acc
Photo Credit-Ma Htet's FB Acc

ဒီတစ်ခါမှာတော့ မထက်က သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်ကောင်းအောင် ပြင်ဆင်ထားတဲ့ သူမရဲ့အိပ်ခန်းလှလှလေးကို ပြသလိုက်တာ ဖြစ်ပါတယ် ။ မထက်က ဒီအိပ်ခန်းလေးကို စျေးသက်သက်သာသာနဲ့ အမိုက်စားဖြစ်အောင် ပြင်ဆင်ခဲ့ရပုံလေးကိုလည်း ပြောပြခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မိတ်ကပ်မထက်ရဲ့Tik Tok ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Ma Htet's Tik Tok Acc

Photo Credit-Ma Htet's FB Acc
Photo Credit-Ma Htet's FB Acc
@mahtetpopsoul

ဈေးမကြီးဘဲငွေကြေးသက်သက်သာသာနဲ့ပြင်ထားတာပါ##mahtetpopsoul ##fyp ##mahtet

original sound - MA Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။