လူငယ်ပရိသတ်တွေတော်တော်များများ အားပေးမှုကို ရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေး(ဟန်လေး)ကတော့ 2015-2016 Miss Universe Myanmar first runner up winnerဆု ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေအပေါ်အချစ်မလျှော့ပဲ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်းဖြစ်ပါတယ်နော်။ 

Photo credit - Nan Shwe Aye's Fb Account

ဟန်လေးရဲ့ သွယ်လျှလှပတဲ့ Bodyလေးနဲ့ စိုပြေဝင်းပတဲ့အသားအရည်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေက ခေတ္တရပ်ဆိုင်းထားရပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်အချစ်တော်မလေး ဟန်လေးက သူမရဲ့ အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's Fb Account

ယနေ့မှာလည်း ဟန်လေးက ချစ်စရာကောင်းတဲ့ ခွေးသေးသေးလေးတွေနဲ့အတူ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းထားတဲ့ ပုံရိပ်အလန်းလေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ နန်းရွှေအေးရဲ့ ပုံလေးတွေက ဆွဲဆောင်မှုရှိရှိ လှနေတဲ့အပြင် " ခုချိန် ကလေးနှစ်ကောင်နဲ့ အလုပ်ရူပ်နေဆဲ ကူထိန်းပေး မလား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ 

Photo credit - Nan Shwe Aye's Fb Account

Source & Photo credit - Nan Shwe Aye's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။