ပရိသတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေ, အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဦးဟာ အနုပညာလှုပ်ရှားမှုတွေကို အခုနောက်ပိုင်းမှာ ပိုပြီးလုပ်ကိုင်လာနေတာလည်းဖြစ်ပြီး အောင်ရဲလင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ music video (၃)ခုဟာဆိုရင်လည်း အခုလက်ရှိမှာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်နော်။ နေခြည်ဦးဟာ အခုလတ်တလောမှာဆိုရင် ခန္ဓာကိုယ်အလှအတွက် လေ့ကျင့်ခန်းတွေလည်းကြိုးစားလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

မကြာသေးမီကလည်း နေခြည်ဦးဟာသူမရဲ့ Facebook my dayလေးမှာ လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ နေခြည်ဟာ သူမရဲ့ခြံထဲမှာပဲ လေ့ကျင့်ခန်းတွေသေချာကြိုးစားပြီး လုပ်နေတာပါနော်။ ကဲ ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

Source& video Credit-Nay Chi Oo's Facebook acc

Photo credit-Nay Chi Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။