ပရိသတ်ကြီးရေ ဖိုက်တင်ဇာတ်ဝင်ခန်းတွေကနေ အက်ရှင်မင်းသမီးလေးအဖြစ် လူသိများလာခဲ့တဲ့ သူကတော့ ယဥ်လက်ပဲဖြစ်ပါတယ်။ ယဥ်လက်ဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်ကို ဆက်တိုက်လုပ်ကိုင်နေပြီး သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။

Photo Credit -Dedee (Photography)
Photo Credit -Dedee (Photography)

ယဥ်လက် က လှပတဲ့ခန္ဓာကိုယ်သေးသေးလေးအပြင် ဆွဲဆောင်မှာရှိတဲ့ အပြုံးလေးတွေကြောင့်လည်း ပရိသတ်တွေက အားပေးချစ်ခင်နေရတာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် photo လေးတွေ ရိုက်ကူးပြီး ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မင်းသမီးချောလေး ယဥ်လက်က မြင်သူတိုင်းချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit -Dedee (Photography)
Photo Credit -Dedee (Photography)

ဒီပုံလေးတွေကတော့ အိမ်မှာနေရင်း အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေဖြစ်ပြီး အသည်းယားစရာ acting မျိုးစုံနဲ့ အထာကျကျ ပို့စ်ပေးနေထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးလေးတစ်ယောက်လို့ ဟန်ဆောင်မှုကင်းနေပြီး တစ်နေ့တခြားချစ်ဖို့ကောင်းလာတာကို တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုတဲ့ အမူအရာလေးတွေနဲ့ ဖမ်းစားထားတဲ့ မင်းသမီးချောလေး ယဥ်လက် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit -Dedee (Photography)
Photo Credit -Dedee (Photography)

Photo Credit -Dedee (Photography)

Source - Yin Let fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။