ယုသန္တာတင်ကတော့ ကျော့ရှင်းတဲ့အလှတရားစစ်စစ်ကို ပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။ယုသန္တာတင်ကို ပရိသတ်တွေက သူမရဲ့ဗီဒီယိုဇာတ်ကားလေးတွေ ကြော်ငြာလေးတွေကနေ စတင်သတိထားမိလာပြီး ချစ်ခင်အားပေးလာကြတာပဲဖြစ်ပါတယ်။ယုသန္တာတင်ကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်ကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။

Photo Credit : Yu Thandar Tin Facebook Page
Photo Credit : Yu Thandar Tin Facebook Page

ယုသန္တာတင်ကတော့ အားလပ်ရက်တွေမှာဆိုလည်း ခရီးတွေထွက်ပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမ လည်ပတ်ခဲ့ဖူးတဲ့နေရာလေးတွေမှာလည်း အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီး ပရိသတ်တွေကိုမျှဝေပေးလေ့ရှိတာလည်းဖြစ်ပါတယ်။ ယုသန္တာတင်က စိတ်ထားလေးဖြူစင်ပြီးသဘောမနောကောင်းသူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများကာ သူငယ်ချင်းတွေကလည်း အရမ်းခင်မင်ကြတာဖြစ်ပါတယ်။

Photo Credit : Yu Thandar Tin Facebook Page
Photo Credit : Yu Thandar Tin Facebook Page

သူမကတော့ အမြဲဆိုသလို ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး အေးဆေးအနားယူနေတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ အခုချိန်ထိနုပျိုလှပကာ မရိုးသွားနိုင်တဲ့ အလှတရားတွေ ပြည့်နှက်နေပြီး အခါခါပြန်ကြည့်ချင်မိအောင် လန်းလွန်းနေတဲ့ အမိုက်စားပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ယုတစ်ယောက် ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Yu Thandar Tin Facebook Page
Photo Credit : Yu Thandar Tin Facebook Page

Source & Photo Credit : Yu Thandar Tin Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။