သရုပ်ဆောင်စမိုင်းလ်ကတော့ လူအများအားကျရတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း မိသားစုကို အမြဲပျော်ရွှင်အောင်ထားပေးတဲ့အပြင် ချစ်ဇနီးနဲ့လည်း စိတ်တူကိုယ်တူရှိတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးက အလှူအတန်းဆိုလည်း ရက်ရောလို့ သိန်းပေါင်းများစွာကိုသဒ္ဒါတရားထက်သန်စွာ လှူဒါန်းနေတာဖြစ်ပါတယ်နော်။

Photo Credit:Portia Maung ပေါ်ရှာ Facebook page/Amazing Grace
Photo Credit:Portia Maung ပေါ်ရှာ Facebook page/@LIJOHN PHOTOGRAPHY

စမိုင်းလ်က‌ အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာ လုပ်ဆောင်ပြီး ဘာသာရေးကို အရမ်းလိုက်စားနေတာဖြစ်ပါတယ်။မကြာသေးခင်လပိုင်းအတွင်းကလည်း စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ကြတာပါနော်။စမိုင်းလ်တို့ကတော့ သမီးလေးတွေရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ဘာသာရေးကိုအထူးလုပ်ဆောင်ပြီး ပေါ်ရှာနဲ့ကလိုဝီလေးတို့ကိုလည်း သင်ပြပေးနေတာဖြစ်ပါတယ်။

Photo Credit:Portia Maung ပေါ်ရှာ Facebook page
Photo Credit:Portia Maung ပေါ်ရှာ Facebook page
Photo Credit:Portia Maung ပေါ်ရှာ Facebook page

ပေါ်ရှာနဲ့ကလိုဝီတို့ညီအစ်မနှစ်ယောက်လုံးက လိမ္မာရေးခြားရှိကြပြီး အေးအေးဆေးဆေးနေတတ်တဲ့ ကလေးတွေဖြစ်ကြပါတယ်။သမီးကြီးလေးပေါ်ရှာကတော့ အနုပညာကိုဝါသနာပါတာကြောင့် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်ချင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အမိုက်စားအမူအရာလေးတွေနဲ့ အထာကျကျလေးTik Tokကစားထားတာဖြစ်လို့ ပေါ်ရှာလေးရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Portia Maung ပေါ်ရှာ Facebook page
Photo Credit:Portia Maung ပေါ်ရှာ Facebook page
Photo Credit:Portia Maung ပေါ်ရှာ Facebook page

Photo Credit:Portia Maung ပေါ်ရှာ Facebook page

Source&Video Credit:Portia Maung ပေါ်ရှာ Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။