ပရိတ်သတ်ကြီးရေ....မင်းသားချောလေးပိုင်တံခွန်ကတော့ ပြည်တွင်းရောပြည်ပမှာပါ အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီး ပြည်ပကပရိတ်သတ်တွေကပါသည်းသည်းလှုပ် အားပေး၀န်းရံခံရတဲ့ မင်းသားချောလေးတစ်ယောက်ပါ။ သူဟာ တောင့်တင်းကျစ်လျစ်တဲ့ဘော်ဒီအမိုက်စားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး တက်တူးတွေဟာဆိုရင်လည်း အရမ်းကိုအထာကျတာပဲဖြစ်ပါတယ်။

Photo credit-Paing Takhon's Facebook page
Photo credit-Paing Takhon's Facebook page

ပိုင်တံခွန်ဟာဆံပင်အရှည်လေးနဲ့လည်း အရမ်းကိုလိုက်ဖက်မှုရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်၀န်းရံခဲ့တဲ့သူလေးဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ တိရစ္ဆာန်ချစ်သူတစ်ယောက်လည်းဖြစ်တာကြောင့် သူ့ရဲ့အိမ်မှာဆိုရင်လည်း ခွေးလေးတွေ ကြောင်လေးတွေ ငှက်လေးတွေအပြင် လိပ်လေးတွေကိုရောပါမွေးထားတာပါနော်။ ပိုင်တံခွန်ဟာအစ်မဖြစ်သူနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်နေလေ့ရှိပါတယ်။

Photo credit-Paing Takhon's Facebook page
Photo credit-Paing Takhon's Facebook page

မကြာသေးမီကလည်း ပိုင်တံခွန်ဟာသူ့ရဲ့ခြံ၀န်းထဲမှာ ခွေးလေးတွေနဲ့အတူကစားနေတဲ့ ဗီဒီယိုလေးကို Facebook my dayလေးမှာတင်ပေးလာပါတယ်။ သူ့ရဲ့ အချစ်တော်ခွေးလေးတွေ (၄)ကောင်ကတော့ "MoJo PoTo ChoCo SoLo" ဆိုပြီးနာမည်ပေးထားဝာာလည်းဖြစ်ပါတယ်နော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Paing Takhon's Facebook page
Photo credit-Paing Takhon's Facebook page

Source& video Credit-Paing Takhon's Facebook page

Photo credit-Paing Takhon's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။