ချစ်ပရိသတ်ကြီးရေ.... Beauty Blogger တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး makeup tutorial လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ရင်း လူများသိအောင်မြင်လာခဲ့သူလေးကတော့ သရုပ်ဆောင် နေခြည်ဦးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက ရင်နှီးဖော်ရွေပြီး ပွင့်လင်းတဲ့အပြောအဆိုနဲ့ စိတ်ရင်းကောင်းတဲ့ သူမရဲ့ စိတ်ထားလေးကြောင့် အချိန်ခဏလေးအတွင်းမှာ ထင်မှတ်မထားလောက်တဲ့ အောင်မြင်မှုများစွာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးနေတဲ့ နေခြည်ဦးရဲ့ သရုပ်ဆောင်မှုတွေက တိကျပီပြင်လွန်းတာကြောင့် ပရိသတ်အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထက်ယံရဲ့ ချစ်လိုက် Music video မှာလည်း ထိပ်တန်းမင်းသားချော အောင်ရဲလင်းနဲ့အတူ အတွဲညီညီပါဝင်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page

အခုလက်ရှိမှာတော့ နေခြည်ဦးက ကိုဗစ်ကာလ stay home မှာ မွန်မြတ်လှတဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နေခြည်ဦး က " အမေတို့ အမေများအိမ်ရာ အတွက် သမီးရယ် သမီးမိသားစုရယ် Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်၊ နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်း လှူခဲ့ပါတယ်။ လူစုလူဝေး ရှောင်နေရတဲ့အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည်ပေးပါနော်။နောက်တစ်ခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနှင့်အမေများအတွက် " ဆိုပြီး သူမရဲ့ pageမှာ တင်ပေးလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ 

Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page
Photo credit - Beautybynaychi's FB page

Source & Photo credit - Beautybynaychi's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။