မင်းသမီးချောလေး မေတိုးခိုင်ကတော့ ပရိသတ်အချစ်တော်မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့တူမချောလေးပဲ ဖြစ်ပါတယ် ။ အဒေါ်ဖြစ်သူနဲ့ရုပ်ချင်းဆင်တဲ့အပြင် အနုပညာအမွေတွေကိုပါဆက်ခံခဲ့တဲ့ မေတိုးခိုင်က အခုဆိုရင် ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရပ်တည်နေပြီလည်း ဖြစ်ပါတယ် ။ မေတိုးခိုင်က ရွှေကြိုမယ်လေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-"May Toe Khine - မေတိုးခိုင်" FB Page & RBV
Photo Credit-LiJohn Photography

ငယ်ရွယ်နုပျိုပြီး ချစ်ဖို့ကောင်းတဲ့ မေတိုးခိုင်က ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မေတိုးခိုင်က လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်စတိုင်လ်လေးနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာလည်း ဖြစ်ပါတယ် ။ Tik Tok ကစားရတာကို ဝါသနာပါတဲ့မေတိုးခိုင်က အခုလို Stay At Home ကာလမှာလည်း အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

Photo Credit-"May Toe Khine - မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine - မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine - မေတိုးခိုင်" FB Page

အခုလည်း မေတိုးခိုင်က အင်္ကျီတစ်ထည်ကို မတူညီတဲ့ပုံစံသုံးမျိုးဖြစ်အောင် စတိုင်လ်ကျကျလေး ဝတ်ဆင်ပြလိုက်တာ ဖြစ်ပါတယ် ။ အချိန်ခဏလေးအတွင်းမှာတင် အမိုက်စားပုံစံလေးတွေ ပြောင်းလဲပြီး Tik Tok ကစားထားတဲ့ မေတိုးခိုင်ကတော့ အရမ်းချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေတိုးခိုင်ရဲ့ Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"May Toe Khine - မေတိုးခိုင်" FB Page

Photo Credit-"May Toe Khine - မေတိုးခိုင်" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။