ပရိသတ်ကြီးရေ.. သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်သလို ပကာသနမဖက်ဘဲ ရိုးရှင်းအေးချမ်းတဲ့ နေထိုင်မှုပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတဲ့ မြင့်မြတ်ကတော့ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပါပဲ..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ မြင့်မြတ်ရဲ့သားချောလေး မြတ်သူလေးကိုလည်း အားလုံးက ချစ်ခင်ကြတာလည်း တွေ့ရပါတယ်နော်..။

ဂျူနီယာမြင့်မြတ်လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ချစ်စရာကောင်းလွန်းတဲ့ သားသားလေးရဲ့ မြတ်သူလေးရဲ့ ပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ရေကူးရေကစားရင်း ပျော်နေတဲ့ ပုံရိပ်လေးတွေကို ထပ်မံဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

"ရေတွေကစားရလို့ပျော်နေတဲ့

ချစ်တုန်းမြတ်သူ" ဆိုပြီး ရေကူးကန်ထဲ တစ်ယောက်တည်း ရေကူးရင်း ပျော်နေတဲ့ မြတ်သူလေးရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့မှာတော့ ချစ်စရာကောင်းလွန်းတဲ့ မြင့်မြတ်ရဲ့ သားချောလေး မြတ်သူလေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တာမို့ အားလုံးပဲ သဘောကျနေကြမှာပါနော်..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

Source & Photo Credit - Myat Wai Tun's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။