လူရွှင်တော်ဧရာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့ပါတယ်။ဟာသရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ဧရာကတော့ ပရိသတ်တွေကိုပျော်ရွှင်ရယ်မောအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။  ဧရာကတော့ ကိုဗစ်​ကာလမှာ ဆိုင်ထိလာရောက်ပြီး စားသောက်ဖွယ်ရာတွေကိုလက်ဆောင်ပေးကာ ထီတွေအများကြီးထိုးသွားတဲ့ နီတာကြောင့် ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

ဧရာကတော့ "  ပြီးသွားတဲ့ရက်လေးထဲမှာပေါ့ဗျာကိုဗစ်ကာလတွင်းသွားရလာရဝင်ရထွက်ရအဆင်မပြေတဲ့ကြားကဆိုင်ကိုရောက်အောင်လာပြီးကိုယ်တိုင်ကြိတ်တဲ့ပဲဆီနဲ့စားဖွယ်စုံတွေလက်ဆောင်ပေးရင်းထီတွေပိုးစိုးပက်စက်ထိုးသွားသူကတော့ အဆိုတော်နီတာပါလိုစ့်.....နောက်တစ်ယောက်ကတော့အာကာဟိန်းပါ ရခိုင်ငပိကြော်နဲ့ငနီတူခြောက်ကြော်တွေလက်ဆောင်ပေးပြီးထီတွေလည်းပက်ပက်စက်စက်ထိုးသွားပြန်ရဲ့.ကျေးဇူးတင်လိုက်တာဗျာ   "ဆိုပြီး ရေးသားထားပါတယ်။

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

ဧရာကတော့ " ခုလိုကပ်ဆိုက်ကာလကြီးထဲမှာ ဒီလိုတကူးတကလာအားပေးကြတာရာရာ့အပေါ်ချစ်ကြလွန်းလို့ဆိုတာ သိသာလှပါရဲ့ ကျမ္မာ ချမ်းသာပြီးထီဆုအကြီးကြီးတွေပေါက်ကြပါစေဗျာ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်နီတာရဲ့ လက်ဆောင်လေးတွေကြောင့် ပျော်ရွှင်နေတဲ့ လူရွှင်တော်ဧရာရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source - လူရွှင်တော် ဧရာ's FB Acc

Photo Credit- လူရွှင်တော် ဧရာ's FB Acc
Photo Credit- လူရွှင်တော် ဧရာ's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။