ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေအပြင် အာရှနိုင်ငံတွေမှာ အောင်မြင်ကျော်ကြား​နေတဲ့ ဖီလစ်ပိုင်ဆယ်လီ Sinon Loresca ကိုသိကြမယ်ထင်ပါတယ်။ Sinon Loresca ဟာ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ သဘောကောင်းဖော်ရွေတာကြောင့် မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာနေတဲ့ အချိန်လေးမှာလည်း အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page

Sinon Loresca က အလှူအတန်းတွေမှာလည်း တတ်နိုင်သလောက် လိုအပ်နေတဲ့သူတွေအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းပေးတာတွေကိုလည်း ပရိသတ်တွေမြင်တွေ့ပြီးသားဖြစ်မှာပါ။ ဒါ့အပြင် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း နောက်ထပ် ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page

ဒီပုံလေးတွေကတော့ Sinon Loresca ဟာ ဝေဘာဂီဆေးရုံ နဲ့ မေဓါဝီဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အာဟာရအနေနဲ့ ပေါင်မုန့်တွေကို လှူဒါန်းပေးဖို့ အတွက် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နေတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ယခုလို အလှူလေးတွေကိုလည်း အမြဲလုပ်ပြုလုပ်ပေးတတ်တဲ့ Sinon Loresca ကတော့ လေးစားစရာကောင်းတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း စိတ်ထားဖြူစင်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ Sinon Loresca ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page

Photo Credit - Sinon Loresca fb page

Source - Sinon Loresca fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။