ပရိသတ်ကြီးရေ ကျော်ထက်အောင်ကတော့ သြဇာပါဝါပြည့်တဲ့ အသံမျိုးကိုပိုင်ဆိုင်ထားပြီး ခန့်ညားတဲ့ ရုပ်ရည်ရှိသူတစ်ဦး ဖြစ်ပါတယ်။ ကျော်ထက်အောင်က Myanmar Idol ပြိုင်ပွဲကြီးရဲ့ ပင်တိုင် Presenter တစ်ဦးအဖြစ်ကနေ စတင်အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာ ကြော်ငြာတွေကို လက်ခံရိုက်ကူးလာခဲ့ပါတယ်။ ယောက်ျားပီသပြီး လူကြီးလူကောင်းဆန်တဲ့ ကျော်ထက်အောင်က အခုဆိုရင် ရုပ်ရှင်မင်းသားအဖြစ်ပါ ဇာတ်ကားတွေ ရိုက်နေရပြီ ဖြစ်ပါတယ်။

Photo Credit : Kyaw Htet Aung Facebook Account
Photo Credit : Kyaw Htet Aung Facebook Account

ကျော်ထက်အောင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သူရဲ့မွေးနေ့လေးမှာ အမှတ်တရရရှိခဲ့တဲ့ လက်ဆောင်လေးတွေကို ပရိသတ်တွေရှေ့ ဖွင့်ဖောက်ပြခဲ့တဲ့ ဗီဒီယိုလေးကို သူရဲ့ အကောင့်လေးမှာဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Kyaw Htet Aung Facebook Account
Photo Credit : Kyaw Htet Aung Facebook Account

သူကတော့ အစီအစဉ်တင်ဆက်တာ ကောင်းရုံတင် မဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာလည်း အချစ် အမုန်း အလွမ်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါသေးတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ကျော်ထက်အောင်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Kyaw Htet Aung Facebook Account
Photo Credit : Kyaw Htet Aung Facebook Account

Source & Photo Credit : Kyaw Htet Aung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။