ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ ဆိုင်းမိုင်ဆိုပြီး ခေါ်ဆိုကြပါသေးတယ်။ ပိုးကြာဖြူခင်ဟာ ရိုးရိုးယဉ်ယဉ်လေးတွေသာ ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း အားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd- Poe Kyar Phyu Khin’s Facebook Account
Photo Crd- Poe Kyar Phyu Khin’s Facebook Account
Photo Crd- Poe Kyar Phyu Khin’s Facebook Account

ပိုးကြာဖြူခင်ဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေကို တောက်လျှောက်ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမဟာ ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကလည်း မဟာမြိုင်တောရကျောင်းမှာ အဓိဌာန်ဝင်ရောက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Poe Kyar Phyu Khin’s Facebook Account
Photo Crd- Poe Kyar Phyu Khin’s Facebook Account
Photo Crd- Poe Kyar Phyu Khin’s Facebook Account

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ပိုးကြာဖြူခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဂီတာတီးနေတဲ့ မောင်လေးရဲ့ဘေးမှာထိုင်ကာ ခံစားချက်အပြည့်နဲ့ သီချင်းလေးတွေသီဆိုနေတဲ့ ပိုးကြာဖြူခင်ရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နားဆင်ခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Poe Kyar Phyu Khin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။