"Myanmar Idol" သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပင်တိုင် Host တစ်ဦးဖြစ်တဲ့ ကျော်ထက်အောင်ကတော့ သြဇာရှိတဲ့အသံပါဝါမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အလုပ်လုပ်တဲ့နေရာမှာ ထက်မြက်သူဖြစ်တဲ့ ကျော်ထက်အောင်က တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ ပျိုပျိုမေလေးတွေရဲ့ဝန်းရံအားပေးမှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ကျော်ထက်အောင်က သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Kyaw Htet Aung's FB Acc & HTET ZAW AUNG Photography
Photo Credit-Kyaw Htet Aung's FB Acc & Aung Zaw
Photo Credit-Kyaw Htet Aung's FB Acc

ကျော်ထက်အောင်က ကြော်ငြာတွေများစွာရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ် ။ အခုဆိုရင် တစ်နေ့တခြားနာမည်ပိုရလာတဲ့ ကျော်ထက်အောင်က သူ့ရဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့စက်တင်ဘာလ (၁၄)ရက်နေ့လေးကတော့ ကျော်ထက်အောင်ရဲ့မွေးနေ့လေးဖြစ်ပြီး သူ့အနေနဲ့ ကုသိုလ်ကောင်းမှုတွေတစ်ဝကြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Kyaw Htet Aung's FB Acc

အထူးသဖြင့် ကျော်ထက်အောင်က သူ့ကိုမွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ခြေရာတွေကိုယူပြီး တရိုတသေကန်တော့ခဲ့တာပဲ ဖြစ်ပါတယ် ။ ကျော်ထက်အောင်က "မနေ့က မွေးနေ့ မနက်ပိုင်းဖြစ်စဉ်လေး" ဆိုပြီး ပီတိဖြစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ မွေးနေ့မှာမွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တဲ့ မင်းသားကျော်ထက်အောင်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Kyaw Htet Aung's FB Acc

Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Kyaw Htet Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။