Photo credit - liquipedia

လက်ရှိ EHOME အသင်းရဲ့ offlane player Faith_bian ရဲ့နာမည်အရင်းကတော့ Zhang Ruida ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 3 လပိုင်း 21 ရက်နေ့ဖြစ်တာကြောင့် အခုဆိုရင် Faith_bian ဟာ အသက် 21 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ dota 2 pro scene ပေါ်စတင်ဝင်ရောက်လာတာကတော့ 2014 ခုနှစ်လောက်ထဲကဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ Speed Gaming.cn ဖြစ်ပြီး ၎င်းအသင်းမှာတော့ Faith_bian ဟာ 2014 ခုနှစ် 3 လပိုင်းကနေ 2014 ခုနှစ် 8 လပိုင်းအထိကစားခဲ့ပါတယ်။

2014 ခုနှစ် 10 လပိုင်းမှာတော့ Faith_bian ဟာ Wings Gaming ကိုပြောင်းရွှေ့လာခဲ့ပြီး 2014 ခုနှစ် 12 လပိုင်းမှာတော့ ပြန်လည်ထွက်ခွာပြီး အနားယူခဲ့ပါတယ်။

2015 ခုနှစ် 8 လပိုင်း 25 ရက်နေ့မှာတော့ Faith_bian ဟာ Wings Gaming ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး 2016 ခုနှစ်မှာ ကျင်းပခဲ့တဲ့ The International 2016 ပြိုင်ပွဲကြီးကို Wings Gaming နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Ti6 မှာတော့ Faith_bian ရဲ့ Wings Gaming ဟာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေပြသခဲ့ပြီး Grand Final မှာ Digital Chaos အသင်းကို 3 : 1 နဲ့အနိုင်ယူပြီး champion ဖြစ်ခဲ့ပါတယ်။

2017 ခုနှစ် လေးလပိုင်း 19 ရက်နေ့မှာတော့ Wings Gaming နဲ့ players တွေကြားက ပြသနာတွေကြောင့် Faith_bian အပါအဝင် Wings Gaming ရဲ့ dota 2 lineup တစ်ခုလုံးဟာ Team Random ကိုရောက်ရှိခဲ့ပါတယ်။

Team Random မှာတော့ Faith_bian ဟာ တစ်လကျော်သာကစားခဲ့ပြီး 2017 ခုနှစ် 5 လပိုင်း 23 ရက်နေ့မှာ EHOME အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့အချိန်ထိ EHOME အသင်းမှာ ကစားနေဆဲပဲဖြစ်ပါတယ်။ 

Source- liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။