ပရိသတ်ကြီးရေ......အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေး‌မိုးဟေကိုပါ။ သူမဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အပြစ်ဆိုဖွယ်ရာမရှိအောင်ကို ချောမောလှပလွန်းတဲ့မိုးဟေကိုကတော့ ပရိသတ်အချစ်တော် မင်းသမီးလေးလို့ဆိုရရင်မှားမယ်မထင်ပါဘူးနော်။

Photo credit-Li John Photography
Photo credit-Li John Photography

မိုးဟေကိုဟာ အေးဆေးစွာနေတတ်သူလေးဖြစ်ပြီး မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာလည်း ဖြစ်ပြီး ပရိတ်သတ်အားပေးမှုလည်း အပြည့်အ၀ရရှိထားတာပါ။ မိုးဟေကိုဟာ ဆွဲဆောင်မှုရှိတဲ့အလှတရားမျိုးကို ပိုင်ဆိုင်သူလေးဖြစ်တာကြောင့် ပုရိသတွေရဲ့အားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။

Photo credit-Li John Photography
Photo credit-Li John Photography

မကြာသေးမီကတော့ မိုးဟေကိုရဲ့ပန်းဆီရောင်နဲ့ ရွှေရောင်လေးစပ်ထားတဲ့ မြန်မာ၀တ်စုံလေးနဲ့ ပုံလေးတွေဟာ လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားနေတာတွေ့ရပါတယ်။ မိုးဟေကိုရဲ့ ပြစ်မျိုးမှဲ့မထင်ချောမောလှပနေတဲ့ ရုပ်ရည်လေးနဲ့ ပြေပြစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစားလေးဟာလည်း ဒီ၀တ်စုံလေးနဲ့ ထင်ရှားပေါ်လွင်နေတာဖြစ်ပါတယ်။ ကဲ.......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Li John Photography
Photo credit-Li John Photography

Source-Sweet & Smart Fashion collection's Facebook page

Photo credit-Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။