ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ များစွာ သီဆိုတတ်သလို ချစ်စရာလည်းကောင်းတဲ့ အဆိုတော်မလေးဆူဇီကိုတော့ ပရိသတ်တွေ ချစ်ခင်နေကြမှာပါနော်..။

လူငယ်အကြိုက် တေးသီချင်းကောင်းလေးတွေ များစွာ ထွက်ရှိထားတဲ့ ဆူဇီကိုတော့ အနေအေးပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ယောကျ်ားလေး မိန်းကလေး ပရိသတ်တွေမရွေး အားလုံးက ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဂီတအနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ ဆူဇီဟာ သူမတို့ခေတ်က အနုပညာလမ်းကြောင်းအပေါ်ရောက်ဖို့ခက်ခဲစွာ ကြိုးစားခဲ့ရတဲ့ အကြောင်းလေးတွေနဲ့ အခုခေတ် လူငယ်အနုပညာရှင် မျိုးဆက်သစ်လေးတွေအတွက် အားပေးစကားလေး ဆိုလိုက်ပါတယ်နော်..။

ဒီနေ့ခေတ်မှာ နည်းပညာတွေ တိုးတက်လာသလို အွန်လိုင်းကလည်း သီချင်းတွေ လုပ်လို့ရနေတဲ့အတွက် အားလုံးကို ကြိုးစားစေချင်ပြီး တကယ်အရည်အချင်းရှိပြီး တကယ်လည်း ကြိုးစားရင်တော့ ပင်ပန်းပေမယ့် အချိန်တန်ရင် ကိုယ့်ရဲ့ ကြိုးစားမှုတွေက အရာထင်လိမ့်မယ်ဆိုပြီး ပြောပြထားတာပါ..။

Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

“မဆူဇီတို့လည်း ဆယ်စုနှစ်ကျော် ကြိုးစားထားရတာပဲ ဒါပေမယ့် အခုအချိန်ထိ ကိုယ့်ကိုယ်ကိုယ်လည်း နိုင်ငံကျော် အဆိုတော်ကြီးတွေလို သတ်မှတ်သေးတာ မဟုတ်သေးဘူး ကိုယ့်ကို လူနည်းစုလေးသိရင်တောင် ဝမ်းသာနေရတာဆိုတော့ အားလုံးကို စိတ်ဓာတ်မကျစေချင်ဘူး အားလည်းမငယ်နဲ့ကြိုးစား တကယ်ကြိုးစားလို့ တကယ်အရည်အချင်းရှိတယ်ဆိုရင် အချိန်တန်ရင်တော့ အများရဲ့ အသိအမှတ်ပြုခြင်းကို ခံရမှာပါ..” ဆိုပြီးတော့လည်း အားပေးစကားလေး ဆိုထားပါသေးတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ပရိသတ်အချစ်တော် အဆိုတော်ချောလေး ဆူဇီပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှေ၀ ပေးလိုက်ပါတယ်နော်..။

Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

Photo Credit - ဆူဇီ Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။