အနုပညာလောကမှာ ဆယ်စုနှစ်တွေမက ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ရယ်စရာဟာသလေးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာတ်ပို့ အနုပညာရှင်တွေထဲမှာ ဦးဧရာကလည်း အပါအဝင်ပါပဲ..။

လူကြီးလူငယ် ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်ကြရတဲ့ ဦးဧရာကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေလေးတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို ဝတ္တုစာအုပ်အဖြစ် ထုတ်ခဲ့ပါတယ်နော်..။

Photo Credit - လူရွှင်တော် ဧရာ Fb Account
Photo Credit - လူရွှင်တော် ဧရာ Fb Account

သရုပ်ဆောင်အပြင် စာရေးတာလည်း ဝါသနာပါတဲ့ ဦးဧရာကတော့ အနုပညာအလုပ်တွေနည်းသွားလို့ ဝတ္တုတိုစာအုပ်လေးတွေ ထုတ်ကာမှ အလိမ်ခံလိုက်ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။

စာအုပ်နှစ်အုပ်ထွက်ရှိထားကာ ကျန်းမာရေးမကောင်းလို့ ဆေးရုံနဲ့အိမ်ကို အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်နေတဲ့အချိန်မှာ အလိမ်ခံလိုက်ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့စာအုပ်လေးတွေကို အိမ်မှာပဲ ထိုင်ရောင်းဖြစ်နေပြီး ချစ်တဲ့လူတွေက အိမ်တိုင်ရာရောက် လာရောက်အားပေးကြတဲ့ အကြောင်းလေးတွေကို ပြောပြထား ဖြစ်ပါတယ်..။

Photo Credit - လူရွှင်တော် ဧရာ Fb Account
Photo Credit - လူရွှင်တော် ဧရာ Fb Account

“မန္တလေးက ဦးဆီက ကိုယ်စားလှယ်ယူသွားတဲ့လူက သူက လိမ်သွားတာ အခုချိန်အထိ မဆက်သွယ်တော့ဘူး စာအုပ်တွေလည်း ပေးလိုက်ရတယ် သူအလုပ်လုပ်ခ ငွေငါးသောင်းလည်း ကြိုထုတ်ပေးပါဆိုလို့ ပေးလိုက်ရတယ် နောက်ပြီး မေမြို့ပို့ထားတဲ့ စာအုပ်တွေလည်း တစ်အုပ်မှ ပိုက်ဆံမရဘူး.. နောက်ဆုံးတော့ အိမ်မှာပဲ ထိုင်ရောင်းတယ် ချစ်တဲ့လူတွေကတော့ အိမ်မှာ လာဝယ်ကြတယ် အနုပညာလောကကကျယ်တော့ ဒီအပိုင်းကျတော့ ဦးက မကျွမ်းဘူးလေ မကျွမ်းတော့ ခံလိုက်ရတာပေါ့ တော်တော်ဆိုးပါတယ် ငယ်ငယ်ပဲရှိသေးတယ် အဲ့ဒီကောင်လေး လုပ်မယ်တောင် မထင်ဘူး ဦးက ဆေးရုံနဲ့ အိမ်ကို အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေတဲ့အချိန်မှာ သူလုပ်သွားတာ..” ဆိုပြီး ဦးဧရာက ပြောပြထားတာပါ..။

ကဲ.. ပရိသတ်ကြီးရေ.. ဘဝအတွေ့အကြုံတွေနဲ့ စာအုပ်ထုတ်ထားတဲ့အကြောင်းလေးအပြင် အလိမ်ခံလိုက်ရတဲ့အကြောင်း ပြောပြထားတဲ့ ဦးဧရာရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - လူရွှင်တော် ဧရာ Fb Account
Photo Credit - လူရွှင်တော် ဧရာ Fb Account

Photo Credit - လူရွှင်တော် ဧရာ Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။