ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသွေးခန့် ကတော့ အချိန်အတိုတွင်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတွေကို ခြွေချနိုင်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုတွေကလည်း ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း များစွာရိုက်ကူးနေရတာကို တွေ့ရပါတယ်။ မင်းသွေးခန့် ဟာ ပြုံးလိုက်ရင်လည်း ပါးချိုင့်လေး​တွေပေါ်နေပြီး ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။

Photo Credit - Kyaw Zin Hein( photography)
Photo Credit - Kyaw Zin Hein( photography)

ကိုရီးယားမင်းသားလေးအလား အထင်မှားရလောက်တဲ့ မင်းသွေးခန့်ကတော့ ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် စမတ်ကျကျ ဝတ်ဆင်တတ်သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် အလန်းစား ပုံရိပ်လေးတွေကိုလည်း ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Zin Hein( photography)
Photo Credit - Kyaw Zin Hein( photography)

ဒီပုံလေးတွေထဲမှာတော့ မင်းသွေးခန့် က ချစ်စရာကောင်းတဲ့ ခွေးလေးနဲ့ အတူ အထာကျတဲ့ အမူအရာလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေ ချစ်အားပိုအောင် ဖမ်းစားထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသွေးခန့် က " ကိုယ်က ရည်မှန်းချက်အရမ်းကြီးတယ် ဘဝရှေ့ရေးအတွက် ဘယ်လောက်ထိတွေးထားလဲမေးရင်...COVID ပြီးသွားရင် မင်းကိုပြေးတွေ့မယ်...ဒီလောက်ပါပဲ" ဆိုပြီး စကားလုံးလှလှလေးတွေ နဲ့ ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အလန်းစားပုံလေးတွေနဲ့ ဖမ်းစားထားတဲ့ မင်းသွေးခန့်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Zin Hein( photography)
Photo Credit - Kyaw Zin Hein( photography)

Photo Credit - Kyaw Zin Hein( photography)

Source - Min Thway Khant fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။