ပရိသတ်ကြီးရေ.. ချစ်စရာကောင်းတဲ့ အစီအစဉ်တင်ဆက်သူလေးတစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရင်ထဲ ရောက်ရှိလာသူလေးကတော့ ဆုမွန်ပဲ ဖြစ်ပါတယ်နော်..။

ညိုချောလေးဖြစ်ပြီး MRTV-4 ရဲ့ အစီအစဉ်တော်တော်များများမှာ ပရိသတ်တွေ တွေ့မြင်နေရတဲ့ ဆုမွန်ကတော့ “ဂျီဟောသူ” ဇာတ်ကားမှာလည်း ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Su Mon's Fb Account
Photo Credit - Su Mon's Fb Account

Covid ရောဂါကြောင့် အခုလို Stay Home ကာလလေးမှာ ဆုမွန်ကတော့ သူများတွေနဲ့ ပြောင်းပြန် အိမ်မှာနေရင်း အစားအသောက်တွေကို ထိန်းစားပြီး အားကစားလေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်နေတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

လတ်တလောမှာတော့ အစီအစဉ်တင်ဆက်သူအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ဆောင်နေပြီး “GYM ကတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ဆော့တော့ ဆော့ဖြစ်တယ် တကယ်တမ်းပြန်ဆော့ဖြစ်တာက Covid ကာလမှာ တစ်ချို့တွေကတော့ အိမ်မှာနေရင်းနဲ့ အစားတွေ စားဖြစ်ကြတယ် ဆုမွန်ကတော့ နညာ်းနည်းပြောင်းပြန် အစားတွေပါတွေ သေချာထိနိးပြီးတော့ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်လာတယ် ..” ဆိုပြီး ဆုမွန်က ပြောပြထားတာပါ..။

Photo Credit - Su Mon's Fb Account
Photo Credit - Su Mon's Fb Account

“နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ်ကျန်းမာအောင် နေဖြစ်တယ် ကျန်းမာအောင် စားဖြစ်တယ် GYM ဆော့ရင် အစပိုင်းမှာ အဆီချတာ အစားအသောက်ကို ထိန်းလိုက်တဲ့အခါမှာ အဆီကတော်တော်ကို ကျသွားတယ် မိန်းကလေးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကိတ်နေရင် လှနေပြီလေ ဆုမွန်ကျတော့ ယောကျ်ားလေးဆန်တဲ့ ခန္ဓာကိုယ်ထဲမှာပါတယ် အဲ့ဒါကြောင့်ဗိုက်နဲ့ခါးကို သေချာလေ့ကျင့်ခန်းလုပ်ဖြစ်တယ် ..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး ဆုမွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Su Mon's Fb Account

Photo Credit - Su Mon's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။