Photo credit - Vici Gaming Twitter

ပြီးခဲ့တဲ့ရက်ပိုင်းက ကောလဟာလ ထွက်ရှိခဲ့တဲ့အတိုင်းပဲ old eLeVeN ကတော့ Vici Gaming ကိုတကယ်ပဲ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

old eLeVeN ဟာ ပြီးခဲ့တဲ့ seasonတုန်းက main အသင်း EHOME ကနေ PSG. lGD ကိုအငှားသွားရောက်ဆော့ကစားပေးခဲ့ပြီးနောက် နောက် season သစ်မစခင်လေးမှာတင် Vici Gaming ကိုရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

old eLeVeN ဟာ အရင်တုန်းကလည်း 2017 ခုနှစ် 9 လပိုင်းကနေ 2018 ခုနှစ် 9 လပိုင်းအထိ တနှစ်အငှားစာချုပ်နဲ့ Vici Gaming မှာ လာရောက်ကစားခဲ့ဖူးတဲ့ player တစ်ယောက်ပဲ ဖြစ်ပါတယ်။

Vici Gaming အနေနဲ့လည်း အသင်းရဲ့ offlaner Yang ကိုဆုံးရှုံးလိုက်ရတာကြောင့် သူတို့ရဲ့အသင်းသားဟောင်း old eLeVeN ကိုအစားထိုးဖို့အတွက် ပြန်လည်​ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Vici Gaming ရဲ့ လက်ရှိ roster ကတော့

Po 1- Eurus

Po 2- Ori

Po 3- old eLeVeN

Po 4- Pyw

Po 5- Dy

တို့ပဲ ဖြစ်ပါတယ်။

Vici Gaming ရဲ့ carry player Eurus အနေနဲ့လည်း 4AM ကို join ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယနေ့ထက်ထိ Vici Gaming ရဲ့ roster ထဲမှာပါဝင်နေဆဲပဲ ဖြစ်ပါတယ်။

Vici Gaming အနေနဲ့ အသင်းရဲ့ coach ဟောင်း​ဖြစ်သူ r0tK ရဲ့ နေရာမှာလည်း ဘယ်သူ့ကိုခေါ်ယူအစားထိုးသွားမလဲကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါပဲ။

Source - Vici Gaming Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။