ပရိသတ်ကြီးရေ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ သူဟာ ယနေ့ချိန်ထိတိုင်အောင် အနုပညာလောကမှာ  ပရိသတ်တွေရဲ့  လက်ခံအားပေးတဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်နေဆဲပါပဲနော်။ နိုင်းနိုင်းဟာ မကြာသေးခင်ကလည်း မိသားစုရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို သွားရောက်လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page

သူဟာ ရန်ကုန်ပြန်ရောက်ရောက်ချင်းမှာဘဲ Quarantine(၁၄) ရက် ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Quarantine ဝင်နေစဉ်အတွင်း အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း နိုင်းနိုင်းရဲ့ Facebook Page မှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page

ဒါကတော့ Quarantine (၁၄) ပြည့်လို့အိမ်ပြန်ရတော့မှာဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ နိုင်းနိုင်းရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း " မနက်ဖြန်ဆို အိမ်ပြန်ရပါပြီ။ ချစ်သောသူများလည်း အဆင်ပြေကြပါစေ..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Actor99’s Facebook Page 

Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။