Photo credit - 23Savage twitter

Vici Gaming ကတော့ old eLeVeN ကိုခေါ်ယူအပြီးမှာ သူတို့ရဲ့ roster အသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီ roster ထဲမှာတော့ Eurus ကပါဝင်လာခဲ့ခြင်း မရှိတော့ဘဲ ထိုင်းနိုင်ငံက 11k MMR player 23Savage ကပါဝင်လာခဲ့ပါတယ်။

23Savage ဟာ Fnatic ကနေ kick ခံရပြီးထဲက Vici Gaming ကို ရောက်ရှိမှာဆိုတဲ့ ကောလဟာလတွေကလည်း လက်ရှိမှာ အမှန်တကယ်ဖြစ်လို့လာခဲ့ပါပြီ။

သို့ပေမယ့် 23Savage ဟာ လက်ရှိမှာ Among Us နဲ့အတူ BTS Pro Series ကိုဝင်ရောက်ယှဥ်ပြိုင်နေသလို Vici Gaming ရဲ့ camb ကိုလည်း အောက်တိုဘာလ ကုန်လောက်မှ ရောက်ရှိမှာပါ.

ဒါ့ကြောင့် Vici Gaming ဟာ 23Savage မရောက်ခင်မှာ Keen Gaming ရဲ့ carry player ဟောင်း Erica နဲ့အတူ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

Vici Gaming ကြေညာခဲ့တဲ့ roster အပြည့်အစုံကတော့

VG. 23Savage

VG. Erica

VG. Ori

VG. old eLeVeN

VG. Pyw

VG. Dy

တို့ပဲ ဖြစ်ပါတယ်။

Photo credit - Vici Gaming Facebook page

Source - Vici Gaming Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။