ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ အရမ်းကံကောင်းတဲ့သူလေးပဲဖြစ်ပါတယ်။ဆုပန်ထွာက သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး ချစ်ခင်ပွန်းနဲ့အတူ သားလေးကို ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်နော်။ဆုပန်ထွားရဲ့သားချောလေး Roar Roarလေးကတော့ ဒီနေ့လေးမှာဆိုရင် (၄)နှစ်ပြည့်သွားတာဖြစ်လို့ မေမေဆုပန်ထွာက အောက်ပါအတိုင်း မွေးနေ့ဆုတောင်းလေး ရေးပေးထားတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာကတော့"(15.9.2020)Happy birthday မာမားသားလေး Roar Roar Kyaw!သားလေးကိုယ်ဝန်စရှိတာသိတဲ့နေ့ကစလို့ ဒီနေ့ ၄နှစ်ပြည့်တဲ့နေ့ထိ စုလို့ရသမျှပုံလေးတွေ ဒီနေ့ Save ထားပါစေ။စာလေးကတော့ ၃နှစ်ပြည့်မနှစ်ကတင်ထားတဲ့စာလေးအတိုင်းပြန်တင်ပါရစေ။ ပိုလာတာဆိုလို့ ၄နှစ်မပြည့်ခင်အတွင်း သားအမိနှစ်ယောက် ရန်ခဏခဏဖြစ်ရတာ ပိုလာပါတယ်။၄နှစ်ပြည့်ပြီမို့ သူ့အမူအရာတွေ ပြောတဲ့စကားတွေကပိုချစ်စရာကောင်း၊ရယ်စရာကောင်းလာသလို ...ပြောမရဆိုမရကန့်လန့်တိုက်တတ်လာတဲ့အခါ နားလည်အောင်၊အာပေါက်အောင်ပြောပြရသလို ဆူရ၊မာန်ရ၊ တုတ်နဲ့‌ခြောက်ရ တဲ့အလုပ်တွေပိုလာပါပြီ။နည်းနည်းကြီးလာတော့သက်သာမယ်ထင်တာ ပိုမောလာတာတော့ သေချာပါတယ်။ Happy Birthday My Lovely Son!မာမားရဲ့ဒီဗိုက်ကြီးထဲကထွက်လာခဲ့တာ ၄ နှစ်ပြည့်ပြီပေါ့။ အခုဆိုကျောင်းတောင်တက်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကျန်းမာစွာ၊လိမ္မာစွာ ဖေဖေ၊မေမေ အပေါ်သိတတ်စွာနေပေးတဲ့သားလေးမို့ မာမားကျေးဇူးတင်မိတယ်။ကျန်းမာစွာနေပေးလို့လည်းကျေးဇူးတင်တယ်။"

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

"မားမား လည်းကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်နေမယ်။ ခါးနာလို့သားကိုဒေါင်းတိမောင်းတိကြာကြာမချီနိုင်တော့တာတစ်ခုလေးပါပဲ။(ဒါပေမယ့်လည်းခုချိန်ထိနာချင်နာပါ‌စေခါးအနာခံပြီးချီတာပါပဲ) သားအပေါ်နေ့တိုင်း စိတ်ရော၊ကိုယ်ရော ၂ခုလုံးမနားပဲပြုစုပျိုးထောင်ရတာ ၄နှစ်ပြည့်ခဲ့ပြီ။ပြောရရင်အဓိက အပျိုတုန်းကလိုအိပ်ရေးဝဝမအိပ်ရတော့တာ၊ကောင်းကောင်းမအိပ်ရတော့တာ ၄နှစ်ပြည့်ပြီပေါ့။ ( အခုက Stay at home ကြောင့်ဒီနှစ်တော်တော်တော့အိပ်ရေးဝတာအမှန်ပဲ)Movies သိပ်ကြိုက်တဲ့ကျွန်မ၊ ကားတစ်ကားကိုအစအဆုံးမကြည့်ရတော့တာ၊ကြည့်ခွင့်မရတော့တာ ၄နှစ်ပြည့်ပြီပေါ့။ သီချင်းတွေနားထောင်ချင်ရင်တောင် အိမ်မှာ ကားပေါ်မှာ ဖွင့်လိုက်ရင် ကလေးသီချင်း Baby Song လေးတွေပဲနားထောင်ရင်းလိုက်ဆိုခဲ့ရတာလည်း ၄နှစ်ပြည့်ခဲ့ပေါ့။ဒူးပြဲနဖူးကွဲမဖြစ်အောင်၊ခြင်မကိုက်အောင်၊ဖျားတာနာတာမဖြစ်ရအောင်၊လက်သည်းခြေသည်းတွေရှည်မနေရအောင်၊ နောက်ဆုံးထမင်းစားရင်ဘယ်နှစ်လုပ်စားလဲကအစ မားမားဒီနေ့ဒီအချိန်ထိလိုက်ရေနေတုန်းမို့...မာမားကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပြုစုစောင့်ရှောက်ပါမယ်။သားလေးကိုချစ်တယ်လို့။"ဆိုပြီး အမှတ်တရပုံလေးတွေနဲ့အတူ မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Source&Photo Credit:Supan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။