ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင် သန္တာလှိုင်ကတော့ အနုပညာလောကမှာ အချိန်တစ်ခုကြာထိရပ်တည်နေပြီး အောင်မြင်မှုများစွာကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတဲ့ သန္တာလှိုင်က သမီးတစ်ယောက် သားတစ်ယောက်ကိုလည်း မွေးဖွားထားတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ခင်ပွန်းသည်နဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြပြီး Single motherတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။  

Photo credit - Thandar Hlaing 's FB page
Photo credit - Thandar Hlaing 's FB page

သန္တာလှိုင်က ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်ဖြစ်ပေမယ့်လည်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်လေးက ကျစ်လျစ်သွယ်လျပြီး အပျိုရှုံးအောင်လှပတာဖြစ်ပါတယ်နော်။ မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ သန္တာလှိုင်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - Thandar Hlaing 's FB page
Photo credit - Thandar Hlaing 's FB page

အရမ်းကို မိမိုက်တဲ့ဖက်ရှင်လေးနဲ့ ဦးထုတ်လေးကို စောင်းကာ အထာကျကျပိုစ့်ပေး ဓာတ်ဖမ်းနေတဲ့ ပုံရိပ်လှလှလေးတွေကို တင်ပေးလာခဲ့တာပါ။ သန္တာလှိုင်ရဲ့ ပုံလေးတွေတိုင်းက ကြည့်မိသူတိုင်းကို အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။ 

Photo credit - Thandar Hlaing 's FB page
Photo credit - Thandar Hlaing 's FB page
Photo credit - Thandar Hlaing 's FB page

Source & Photo credit - Thandar Hlaing 's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။