အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေရရှိအောင် လုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာပဲ ဖြစ်ပါတယ်။ သူမဟာ ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ မေကဗျာဟာ အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်နဲ့လည်း နှင်းဆီအငြိမ့်ဖျော်ဖြေပွဲများတွင် တင်ဆက်ကပြနေတာလည်း ဖြစ်ပါတယ်။

Photo Crd- May Kabyar’s Facebook Page
Photo Crd- May Kabyar’s Facebook Page
Photo Crd- May Kabyar’s Facebook Page

မေကဗျာဟာ အနုပညာလောကတွင်သာမကဘဲ အခြားစီးပွားရေးအလုပ်တွေကိုပါ တိုးတက်ကြီးပွားအောင် လုပ်ဆောင်နေသူ ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ရိုးသားပွင့်လင်းစွာ ဆက်ဆံတတ်တဲ့ စိတ်ထားလေးကို ချစ်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ မိသားစုပိုင်စက်ရုံမှထွက်ရှိတဲ့ ပိုးထည်၊ ချည်ထည်များကို အွန်လိုင်းတွင် Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- May Kabyar’s Facebook Page
Photo Crd- May Kabyar’s Facebook Page
Photo Crd- May Kabyar’s Facebook Page

မနေ့ညကလည်း မေကဗျာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဟော့ပေါ့လုပ်စားကြရင်းတစ်ယောက်နဲ့တစ်ယောက်အခွီလေးတွေပြောကြကာ ရယ်မောပျော်ရွှင်နေကြတဲ့ မေကဗျာနဲ့နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ မေကဗျာဟာ အားလပ်ရက်လေးမှာ သူမချစ်ရတဲ့ မိတ်ဆွေတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Kabyar’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။