အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီနဲ့ရပ်တည်နေကြတဲ့ မအေးသောင်း၊အိချောပိုနဲ့ မေမြင့်မိုရ်တို့သုံးယောက်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတွေပဲ ဖြစ်ပါတယ် ။ သူမတို့သုံးယောက်က အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်လာခဲ့ကြရင်း ခင်မင်ရင်းနှီးနေကြတာလည်း ဖြစ်ပါတယ်။ ညီအစ်မတွေလို ချစ်ခင်ကြတဲ့ သူမတို့သုံးယောက်ကို ပရိသတ်တွေကလည်း ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Li John Photography
Photo Credit-Ei Chaw Po's FB Acc
Photo Credit-May Myint Mo's FB Acc

မတူညီတဲ့အလှတရားတွေကို ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ သူမတို့သုံးယောက်ထဲမှာ မအေးသောင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက နာမည်ရအောင်မြင်ခဲ့သူလေး ဖြစ်ပါတယ် ။ အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးအဖြစ် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့တဲ့ အိချောပိုကလည်း အခုဆိုရင် နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ မေမြင့်မိုရ်ကတော့ ချစ်စရာကောင်းတဲ့အပြုံးအလှပိုင်ရှင်လေးပါနော်။

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc

အခုလည်း သူမတို့သုံးယောက်က တစ်နေရာစီရောက်ရှိနေကြပေမယ့်လည်း ဆင်တူပို့စ်လေးတွေပေးကာ တစ်ယောက်တစ်မျိုးစီ ဓာတ်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ မြန်မာဝတ်စုံလေးနဲ့ လှသွေးကြွယ်နေကြတဲ့ သူမတို့သုံးယောက်ကတော့ ပရိသတ်တွေကို အချစ်ပိုစေနိုင်တာလည်း ဖြစ်ပါတယ် ။ ကဲ မင်းသမီးချောလေးတွေဖြစ်တဲ့ မအေးသောင်း၊အိချောပိုနဲ့ မေမြင့်မိုရ်တို့သုံးယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ei Chaw Po's FB Acc

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။