ပရိသတ်ကြီးရေ အနုပညာလောလမ်းကြောင်းကို အချိန်အတိုတွင်း အကောင်းဆုံးလျှောက်လှမ်းလာနိုင်ခဲ့တဲ့ သူကတော့ မင်းသမီးချောလေး မြတ်နိုးအေးပဲဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေထဲမှာ ပါဝင်ရိုက်ကူးရင်း ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့ပါတယ်။ မြတ်နိုးအေးက လတ်တလော MNTV ရုပ်သံမှာ ထုတ်လွှင့်ပြသနေတဲ့ " ရင်ခုန်သံ ၇၄ ရက် " ဇာတ်လမ်းတွဲလေးထဲမှာလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။

Photo Credit - Myat Noe Aye fb page
Photo Credit - Myat Noe Aye fb page

ဒီဇာတ်လမ်းလေးကလည်း တမူထူးခြားပြီး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး မြတ်နိုးအေးက ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်နဲ့ အမှတ်တရ ပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ဇာတ်လမ်းလေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Noe Aye fb page
Photo Credit - Myat Noe Aye fb page

ဒီပုံလေးတွေထဲမှာတော့ မြတ်နိုးအေးက မင်းသားချောလေး ခါရာ နဲ့ အတူ ကြည်နူးစရာကောင်းလောက်တဲ့ ဇာတ်ဝင်ခန်းရဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်နိုးအေးက "မနက် (၃)နာရီ မှ ထ Ro ရတော့ အဆင်ပြေရဲ့လား မိုးနတ် " ဆိုပြီးရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ " ရင်ခုန်သံ ၇၄ ရက် " ဇာတ်လမ်းတွဲလေးထဲက ချစ်စရာကောင်းတဲ့ မြတ်နိုးအေး နဲ့ ခါရာ တို့ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Noe Aye fb page

Source - Myat Noe Aye fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။