မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ လက်ရှိအချိန်မှာဆိုရင် ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။ချောရတနာရဲ့ကလေးနှစ်ယောက်လုံးကလည်း ချစ်စရာကောင်းကြလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ချောရတနာတို့မိသားစုလေးကတော့ နွေးနွေးထွေးထွေးနဲ့ ချစ်ချစ်ခင်ခင်ရှိကြလို့ အားကျဖို့ကောင်းပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook account
Photo Credit:Chaw Yadanar's Facebook account

သားနဲ့သမီးကလည်း နည်းနည်းအရွယ်ရောက်လာကြပြီဖြစ်လို့ ချောရတနာကတော့ အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေပါတယ်။ပရိသတ်တွေကလည်း ချောရတနာကို အရင်အတိုင်း အားပေးချစ်ခင်ကြပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကို စောင့်ကြည့်နေကြတာပါ။ချောရတနာက အရမ်းချစ်စရာကောင်းတဲ့သားသမီးနှစ်ယောက်ကြောင့် တစ်နေ့တစ်နေ့မပျင်းရဘဲ အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook account
Photo Credit:Chaw Yadanar's Facebook account

ကောင်းသုတကျော်နဲ့CoCoလေးတို့မောင်နှမနှစ်ယောက်ကလည်း သိတတ်လိမ္မာစွာနဲ့ကြီးပြင်းလာကြတဲ့ကလေးတွေပါနော်။အခုဆိုရင်လည်း သမီးငယ်လေးCoCoက မေမေချောရတနာရဲ့ခြေထောက်ကို သေသေချာချာနှိပ်ပေးပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။အခုအရွယ်လေးနဲ့တင် သိတတ်လိမ္မာစွာနေထိုင်တတ်နေတဲ့ CoCoလေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook account
Photo Credit:Chaw Yadanar's Facebook account

Photo Credit:Chaw Yadanar's Facebook account

Source& Video Credit:Chaw Yadanar's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။