Photo credit - ESL Dota 2 twitter

ESL Dota 2 ကတော့ လာမယ့် October လ 5 ရက်နေ့ကတော့ နိုဝင်ဘာလ 1 ရက်နေ့ထိ ESL One Germany 2020 ကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့ Europe နဲ့ CIS region က dota 2 teams စုစုပေါင်း 16 သင်းဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

၄င်း 16 သင်းကတော့ direct invite ရရှိတဲ့ 12 သင်းနဲ့ closed qualifier ကတက်လာမယ့် 4 သင်ူတို့ဖြစ်ပြီး direct invite ရရှိထားတဲ့ အသင်းတွေကတော့

OG

Team Secret

Nigma

Team Liquid

Alliance

Ninjas in Pyjamas

Virtus.pro

Natus Vincere

Vikin.gg

HellRaisers

FlyToMoon

TBD

တို့ပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ ပေးအပ်သွားမယ့် စုစုပေါင်းဆုကြေးငွေကတော့ $400,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းကတော့ ဆုကြေးငွေ $150,000 USD ရရှိမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ အားလုံးစောင့်မျှော်နေကြတဲ့ LAN ပြိုင်ပွဲတော့မဟုတ်ပေမယ့် ကြည့်လို့ကောင်းဦးမှာကတော့ အသေအချာပါပဲ။

ဒီပြိုင်ပွဲရဲ့ champion ဆုကို ဘယ်အသင်းမှ မရပ်တန့်နိုင်သေးတဲ့ Team Secret ကပဲ ဆက်လက်သိမ်းယူသွားမလား ဒါမှမဟုတ် ဘယ်အသင်းက ရယူသွားနိုင်မလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

Source - ESL Dota 2 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။