Photo credit - Fnatic Dota facebook page

Fnatic dota 2 team ကတော့ သူတို့လိုချင်တဲ့ No.1 ဆိုတဲ့နေရာကို ရရှိဖို့အတွက် အသင်းရဲ့ roster ကိုပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

carry player 23Savage ကို အသင်းကနေ ထုတ်ပယ်ပြီး Raven နဲ့အစားထိုးခဲ့သလို po 5 player Jabz ကိုလည်း ထုတ်ပယ်ပြီး eyyou နဲ့အစားထိုးခဲ့ပါတယ်။

သို့ပေမယ့် ဒီပြောင်းလဲမှုတွေဟာ Fnatic ကိုပိုကောင်းမလာစေဘဲ ရလာဒ်ပိုင်းဆိုင်ရာမှာ ပိုဆိုးလာစေခဲ့တာတွေ့ရပါတယ်။

Fnatic ဟာ လက်ရှိမှာ BTS Pro Series Season 3/SEA ကိုဝင်ရောက်ယှဥ်ပြိုင်နေပြီး နိုင်ပွဲတပွဲမှ ရရှိထားခြင်းမရှိဘဲ group stage ရဲ့နောက်ဆုံးနေရာမှာ ရှိနေပါတယ်။

Fnatic ရဲ့ offlaner iceiceice ဟာဆိုရင်လည်း ပထမဆုံး ကစားရတဲ့ New Esports နဲ့ပွဲမှာ 2:0 နဲ့ ရှုံးပြီးထဲက ဒီပြိုင်ပွဲကို ဆက်ပြိုင်လိုစိတ်မရှိတော့တာကြောင့် သူ့ရဲ့နေရာမှာ Xepher ကိုအစားထိုးယှဥ်ပြိုင်စေခဲ့ပါတယ်။

ဒါကလည်း Jabz မရှိတော့တဲ့နောက် iceiceice အနေနဲ့ ကစားရတာ သိပ်မပျော်တော့တာဖြစ်နိုင်သလို ခနခန mid fail နေတဲ့ Moon ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာဆိုရင်လည်း Fnatic ဟာ BTS Pro Series ပွဲစဥ်တွေအဖြစ် New Esports, 496 , TNC Predator တို့နဲ့ကစားထားရပြီး သုံးပွဲလုံးကို 2:0 ဆိုတဲ့ ရလာဒ်နဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ထားတာတွေ့ရပါတယ်။

Fnatic အနေနဲ့ အသင်းမှာဖြစ်နေတဲ့ ပြသနာကို မြန်မြန် အဖြေမရှာနိုင်ဘူးဆိုရင်တော့ BTS Pro Series ကနေ ထွက်ခွာရမယ့် အနေအထားမှာ ရှိနေပါတယ်။

Goodluck ပါ Fnatic. ..........

Myanmarload. .

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။