ပရိသတ်အချစ်တော် မင်းသားကြီး ဝေဠုကျော်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ဝေဠုကျော်က သဘာဝကျပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ရုပ်တိုင်းကိုအသက်ဝင်လာအောင် ဖန်တီးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page

ဝေဠုကျော်က "ဝေဠုကျော် ဖောင်ဒေးရှင်း" ကိုတည်ထောင်ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိအလုပ်တွေကို သူကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဝေဠုကျော်ကို အခုချိန်အထိတိုင်အောင် အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်ရတဲ့သူလေးနဲ့ ပုံရိပ်တွေကို တင်လိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Wai Lu Kyaw's FB Acc
Photo Credit-Wai Lu Kyaw's FB Acc
Photo Credit-Wai Lu Kyaw's FB Page

ဝေဠုကျော်က "ရွှေငွေနဲ့ ဂုဏ်သိမ်ဒြပ်တို့မရှိလည်း နေနိုင်ပါတယ် တစ်သက်လုံး ...အလိုအပ်ဆုံးက ဘဝကိုအရိုးသားဆုံးနေဖို့ ..နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ရိုးရှင်းလွန်းတဲ့ဘဝက အကောင်း ဆုံးမို့ ...ချစ်သောသူရေ Mask တပ်ပါ လက်ကို ခဏခဏဆေးပါလူစုလူဝေးရှောင်ရှားပါ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့နော်" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။ ကဲ စုံတွဲလက်စွပ်လေးဝတ်ဆင်ထားတဲ့ ဝေဠုကျော်ရဲ့ပုံရိပ်လေးတွေကိုပါ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wai Lu Kyaw's FB Page

Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။