ပရိသတ်ကြီးရေ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ မိစန္ဒီကတော့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ဘယ်ဂီတသီချင်းအမျိုးအစားတွေကိုမဆို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Mi Sandi Facebook Pgae
Photo Credit : Mi Sandi Facebook Pgae

သူမဟာ ပရိသတ်အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှုကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျလှပနေသူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ covid ကာလမှာ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေကို သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးနဲ့ သရုပ်ဖော်ပြထားတဲ့ ဗီဒီယိုလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Mi Sandi Facebook Pgae
Photo Credit : Mi Sandi Facebook Pgae

ဗီဒီယိုလေးဟာ ကြည့်ရှုသူများပြားခဲ့တာဖြစ်ပြီး မှတ်သားရလွယ်တာကြောင့် ပရိသတ်တွေလည်းကြိုက်နှစ်သက်စေမှာ အမှန်ပဲဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။မိစန္ဒီလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Mi Sandi Facebook Pgae
Photo Credit : Mi Sandi Facebook Pgae

Source & Photo Credit : Mi Sandi Facebook Pgae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။